ဈေးခြင်းထဲတွင်ထုတ်ကုန်ပစ္စည်းများမရှိသေးပါ
သံကူကွန်ကရိနှင့်Form Works ခေါ်ပုံစံခွက်။
အဆောက်အဦများဆောက်လုပ်ရာတွင် သစ်၊ သံ(Steel Structure)၊ သံကူကွန်ကရိဟူ၍ရှိပေရာ သစ်နှင့်သံထည်တို့သည် မူလကပင်ရုပ်ဝတ္ထုအမာပစ္စည်းဖြစ်ပြီးလိုသလိုဖြတ်တောက်၊ ဆက်ယူ၍တည်ဆောက်ကြသည်ကိုအားလုံးသိကြပြီးဖြစ်သည်။ သို့ရာတွင်သံကူကွန်ကရိမှာမူ ထိုကဲ့သို့မဟုတ်ပေ။ ပုံစံခွက်အတွင်းမှ မဏ္ဍိုင်သံချောင်းကို Reinforce Bar, Rebar, D Form bar, D Bar စသည်ဖြင့်သင့်သလိုခေါ်ကြသည်။ Formworks ကို ပုံစံခွက်၊ ကျောက်ပုံး ဟုလည်းခေါ်ကြသည်။
Reinforce Bar ခေါ်သံချောင်းလုံးများကိုမဏ္ဍိုင်ပြု၍ ကွန်ကရိဖျော်ရည်များလောင်းထည့် ပေါင်းစပ်ပုံဖေါ်ခြင်းဖြစ်ပါသည်။ သံကူကွန်ကရိလောင်းရာတွင် ပုံစံခွက်သည် အဓိကကျသည့်အခန်းမှပါဝင်နေသည်။ သံချောင်းများကအလယ်တွင်မဏ္ဍိုင်အဖြစ်နေပြီးအရည်ဖြစ်သည့်ကွန်ကရိနှင့်တွဲစပ်ရန်အတွက် ပုံစံခွက်အတွင်းသို့သွန်းလောင်းအေးခဲစေရပါမည်။ သတ်မှတ်ရက်စေ့၍ပုံစံခွက်ကိုဖြုတ်လိုက်လျင် မိမိတို့အလိုရှိသည့်အတိုင်းအတာကိုရရှိပါမည်။ သံချောင်းများနှင့်ကွန်ကရိတွဲစပ်ရန်အတွက်ကားလွယ်လှသည်တော့မဟုတ်ပေ။အဆင့်ဆင့်လုပ်ဆောင်ချက်များဖြင့်စတင်ရပါသည်။အင်ဂျင်နီယာမှပုံစံထုတ်ထားသည့် Form Works ခေါ်ပုံစံခွက်ကိုစနစ်တကျတပ်ဆင်ရသည်။ ပုံစံခွက်ကိုကျောက်ပုံးဟုလည်းခေါ်သည်။ စနစ်တကျခိုင်မာစွာတပ်ဆင်ပြီးသော် ကွန်ကရိဖျော်ရည်ကိုလောင်းထည့်နိင်ပေပြီ။
နေရာလပ်မကျန်စေရန်အထူးဂရုစိုက်ရပြီး လိုအပ်လျင် Vibrator ဖြင့်ထိုးရပါသည်။ Form Works နှင့်သံချောင်းများ (Reinforce Bar) အကာအဝေး၊ ကွန်ကရိခဲသွားလျင်ကျန်မည့်အလျော့တွက်တို့ကိုလည်းဖော်ပြပေးထားပါသည်။
– တိုင်နှင့်ထုပ်များအတွက် +12mm more (or) -6mm less in Size.
– Footing Plan အတွက် +50mm (or) -12mm Less
– In Depth အတွက် +0.05D Specified Thickness
ဤကားအကြမ်းဖျင်းသတ်မှတ်ချက်သာဖြစ်ပါသည်။ Form works မခိုင်မာ စနစ်မကျ၍ပြိုကျပျက်စီးသည့်သာဓကများစွာရှိသည်ကို သတိချပ်စေလိုပါသည်။
သွန်းလောင်းပြီးသည့် Form works ကိုသတ်မှတ်ရက်အတွင်းမဖြုတ်မီ အစိုဓာတ်ရစေရန် ရေလောင်းခြင်း၊ ရေစိုဂုံနီအဝတ်စဖြင့်ပါတ်၍ထားခြင်းများဆောင်ရွက်ရပါမည်။ ကွန်ကရိများမှာမခိုင်မာမီပြိုလဲပျက်စီးနိုင်သဖြင့်အထူးပင်ဂရုစိုက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းရေးသားဖေါ်ပြလိုက်ပါသည်။
Builder Mall
154 total views
Feedbacks
You must be logged in to post a comment.
No comments, be the first visitor to comment on this post!
Reviews