အမေးများသောမေးခွန်းများ
အကောင့် Login ဝင်ရန်
၁။ မှတ်ပုံတင်ကြေးများ ရှိပါသလား။
မရှိပါ။ Builder Mall တွင်မှတ်ပုံတင်ခြင်းသည် အားလုံးအတွက် အခမဲ့ဖြစ်သည်။
၂။ ကျွန်ုပ်၏အသုံးပြုသူအမည်ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။
အသုံးပြုသူအမည်ကို အကောင့်ဖွင့်ခြင်း/အကောင့် activateဖြစ်ကြောင်းစာစောင်တွင် သင့်အား အီးမေးလ်ဖြင့် ပေးပို့ထားပါသည်။ အကယ်၍ သင်သည် အီးမေးလ်ကို မရရှိခဲ့ပါက အကူအညီရယူရန် ကျွန်ုပ်တို့ Customer Services သို့ ဆက်သွယ်ပါ။
၃။ စကားဝှက်မေ့သွားလျှင် ဘာလုပ်ရမလဲ။
“Forgot your password?” ကို နှိပ်နိုင်ပါတယ်။ စကားဝှက်ပြန်လည်သတ်မှတ်ခြင်းလင့်ခ်သည် သင်၏ စာရင်း သွင်းထားသော အီးမေးလ်သို့ ပေးပို့မည်ဖြစ်ပါသည်။ ထို့နောက် ထိုလင့်ခ်မှတစ်ဆင့် စကားဝှက်အသစ်ကို သင်ပြောင်းနိုင်ပါသည်။
၄။ ကျွန်ုပ်၏ စကားဝှက်ကို မည်သို့ ပြောင်းလဲနိုင်မည်နည်း။
သင့်အကောင့်သို့ ဝင်ရောက်ပြီး ညာဘက်အပေါ်ထောင့်ရှိ "အကောင့်ဆက်တင်များ" ကိုနှိပ်ပါ။ အကောင့်ဆက်တင်များတွင် သင့်စကားဝှက်အသစ်ကို ပြောင်းလဲနိုင်သည်။
၅။ အသုံးပြုသူ ID ကို ဘယ်လိုပြောင်းလဲရမလဲ။
အသုံးပြုသူ ID ကို ပြောင်းလဲ၍မရပါ။
ငွေပေးချေမှု
၁။ မည်သည့် ငွေပေးချေမှုနည်းလမ်းများကို လက်ခံပါသလဲ။
ပစ္စည်းရောက်ငွေချေစနစ် နှင့် MPU ကဒ်ဖြင့် အွန်လိုင်းငွေပေးချေမှုစနစ် စသည်တို့ဖြင့် ပေးချေနိုင်ပါသည်။
၂။ အွန်လိုင်းဝယ်ခြင်းသည် ဘေးကင်းပါသလား။
ဟုတ်ကဲ့။ ဘေးကင်းပါတယ်။
အော်ဒါ နှင့် ပြန်လာမှုများ
၁။ ဘယ်လိုအော်ဒါတင်ရမလဲ။
ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် နှင့် မိုဘိုင်းအက်ပ် တွင် သင် စာရင်းသွင်းထားသော အကောင့်မှ မှာယူနိုင်ပါသည်။
၂။ ကျွန်ုပ်၏အမှာစာကို Cancel သို့မဟုတ် မည်သို့ ပြောင်းလဲနိုင်မည်နည်း။
ကျွန်ုပ်တို့၏ Customer Services ဖုန်းနံပါတ် သို့မဟုတ် hot line နံပါတ်ကိုခေါ်ဆိုခြင်းဖြင့် သင့်မှာယူမှုကို ပယ်ဖျက် နိုင်သည်။
၃။ အော်ဒါတင်ရန် အကောင့်တစ်ခု လိုအပ်ပါသလား။
လိုအပ်ပါတယ်၊ အော်ဒါမတင်ခင်တွင် အကောင့်တစ်ခုကို အရင်ဆုံး စာရင်းသွင်းရန် လိုအပ်ပါသည်။ သင်သည် ကြိုတင်စာရင်းသွင်းခြင်းမရှိဘဲ သင့်စျေးဝယ်ခြင်းတောင်းတွင် ကုန်ပစ္စည်းများကို ပေါင်းထည့်နိုင်သော်လည်း၊ ငွေရှင်းသည့်လုပ်ငန်းစဉ်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ရန်အတွက် ကျွန်ုပ်တို့၏စနစ်က သင့်အား အကောင့်တစ်ခုဖြင့် မှတ်ပုံတင်ရန် တောင်းဆိုလိမ့်မည်ဖြစ်ပါသည်။
၄။ ကျွန်ုပ်၏ အမှာစာကို ဘယ်လိုစစ်ဆေးမလဲ။
သင်၏ အော်ဒါ မှာယူမှုအသေးစိတ်အတွက် ကျွန်ုပ်တို့၏ ရောင်းချသူဆိုင်များက သင့်ထံ ဆက်သွယ်ပါလိမ့်မည်။
၅။ ကုန်ပစ္စည်းတစ်ခုကို ဘယ်လိုပြန်ပို့ရမလဲ။
၎င်းသည် သင့်ထုတ်ကုန်၏ ရောင်းချသူဆိုင်၏ပေါလစီပေါ်တွင် မူတည်မည်ဖြစ်သည်။
ကော်ပိုရိတ် သတင်းအချက်အလက်
၁။ Builder Mall ၏ ရုံးများ မည်သည့်နေရာတွင် တည်ရှိသနည်း။
ရန်ကုန် နှင့် မန္တလေးအပါအဝင် တိုင်းဒေသကြီး နေရာအများအပြားတွင် ရုံးခွဲများ ထားရှိပေးပါသည်။
၂။ Builder Mall Group တွင် ဝန်ထမ်းဦးရေ ဘယ်လောက်ရှိလဲ။
ကျွန်ုပ်တို့တွင် အမြဲတမ်း ၀န်ထမ်း စုစုပေါင်း ၇၀ ဦးခန့် ရှိပါသည်။
၃။ Builder Mall Group ကို ဘယ်အချိန်မှာ စတင်တည်ထောင်ခဲ့တာလဲ။
Builder Mall Group ကို ဒေါက်တာတေဇဟိန်း @ Nitesh Verma မှ ၁၉၈၁ ခုနှစ် ကတည်းက စတင် တည်ထောင်ခဲ့ပါသည်။ ဆောက်လုပ်ရေးပစ္စည်းများ e-commerce နှင့် online multi-vendor shop အဖြစ် စတင်ခဲ့ပါသည်။
၄။ Builder Mall Group သည် လူ့အသိုက်အဝန်းကိုကူညီရန် မည်သည့်အရာများလုပ်ဆောင်နေပါသနည်း။
ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းအတွင်း ပြဿနာများကို ကူညီဖြေရှင်းရန် အမြဲတမ်း တာဝန်ရှိသည်ဟု ခံစားမိသည်၊ အကြောင်းမှာ ၎င်းသည် ကျွန်ုပ်တို့၏မစ်ရှင်တွင် - “မည်သည့်နေရာမဆို အလွယ်တကူ ဝယ်ယူနိုင်စေရန်” ဟူသော အဓိပ္ပာယ်သက်ရောက်သောကြောင့်ဖြစ်သည်။
ကူညီပေးဖို့ ကျွန်တော်တို့ ဒီမှာရှိပါတယ်! ဆက်သွယ်ရန်