loader image

အရပ်စာချုပ်မှ မှတ်ပုံတင်စာချုပ်ပြောင်းမည်ဆိုလျင်

အရပ်စာချုပ်ဖြင့်ဝယ်ထား၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ရန် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကာလတန်ဖိုးစိစစ်သတ်မှတ်မှု ခံယူရပါမည်။


(၁) ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း နေထိုင်သူများဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူ။
(၂) အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များဖြစ်ပါက သက်ဆိုင်ရာမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက တစ်နှစ်အတွင်းထုတ်ပေးထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူကိုလည်း ကောင်းပူးတွဲတင်ပြရမည်။ (၃) အကယ်၍ မိမိဝယ်ယူသည့် မြေဂရန်ပေါက်သူ ကွယ်လွန်သွားပါက အမွေဆက်ခံ ထိုက်သူများ၏ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုထားသည့် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ် မူရင်း/ မိတ္တူ တို့ကို တင်ပြရန် (လိုအပ်ပါက အမွေဆက်ခံခွင့်လက်မှတ် တင်ပြနိုင်ရပါမည်)
(၄) မူလအမည်ပေါက်ပိုင်ဆိုင်သူကိုယ်စား ကိုယ်စားလှယ်လွှဲစာ SP / GP မူရင်း/ မိတ္တူ။

(၅) ဝယ်ယူထားသည့် မြေ (သို့မဟုတ်) မြေနှင့်အဆောက်အဦအတွက် ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘေးနှစ်ဖက်)
(၆) မြေငှားစာချုပ် (ဂရန်) မူရင်း/ မိတ္တူ၊
အရောင်းအဝယ်ကတိစာချုပ် မူရင်း/မိတ္တူ (ဥပဒေနှင့် ညီညွှတ်ရန်မှာ လျှောက်ထားတဲ့ရက် မတိုင်မီ ရက်ပေါင်း(၃၀)အတွင်း ချုပ်ဆိုထားတဲ့ အိမ်ခြံမြေအရောင်းအဝယ်ကတိစာချုပ်ဖြစ်ရန် လိုအပ်ပါသည်။ ပိုင်ရှင်နှင့် အဆင်ပြေပါက စာချုပ်ကို ရက်စွဲပြောင်း၍ ပြန်ချုပ်တင်ပြရပါမည်။) ဂရန်အမည်ပေါက်ကွယ်လွန်သွားသည့်အတွက် အထက်အပိုဒ်(၃) တွင် ဖော်ပြထားသည့် “အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်” ချုပ်ဆိုနိုင်ရန်အတွက် သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှုဌာန (သို့မဟုတ်) လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့တွင် မြေပုံရေးကူးရန် အရင် လျှောက်ထားရပါဦးမည်။

တင်ပြရန်လိုအပ်သော စာရွက်စာတမ်းများမှာ –
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူ၊
(ခ) မြေငှားစာချုပ်(ဂရန်)၊ စကွာတာမြေနှင့် သက်ကုန်မြေဖြစ်ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံချက် (သို့မဟုတ်) မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာ၊
(ဂ) မြေငှားစာချုပ်(ဂရန်)မြေနှင့် ဂရန်သက်တမ်းကုန်မြေဖြစ်ပါက မြေငှားစာချုပ် (ဂရန်) မိတ္တူ၊
(ဃ) ကွယ်လွန်သူ၏ သေစာရင်း၊ သချိုင်းလက်မှတ်နှင့် သေဆုံး ကြောင်းထောက်ခံချက်မိတ္တူ၊ အမွေဆက်ခံခွင့်ရှိသူက တရားရုံးတွင်ပြုလုပ်ခဲ့သည့် ကျမ်းကျိန်လွှာ (သို့မဟုတ်) ကတိသစ္စာပြုလွှာမူရင်း၊
(င) အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ(၂)စောင်မူရင်း၊
(စ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက အမည်ပေါက်စာချုပ် (သို့မဟုတ်) မှတ်ပုံတင်ထားသောစာချုပ်စာတမ်း
နှင့် ပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် တရားရုံးမှ ချမှတ် ထားသည့် အမိန့်ဒီကရီ တစ်ရပ်ရပ် မိတ္တူ၊၊
(ဆ) ၁၉၈ရခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေ ဆိုင်ရာ စိစစ်ရေးအဖွဲ့၏ဆောင်ရွက်မှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မိတ္တူ တို့ဖြစ်ပါသည်။
ထို့ကြောင့် ဂရန်အမည်ပေါက် ကွယ်လွန်၍ ၎င်းကိုယ်စားလျှောက်ထားခြင်းဖြစ်၍ အထက် အပိုဒ်(ဃ)နှင့် (င) တို့တွင် ဖော်ပြထားသော ကွယ်လွန်သူ၏ သေစာရင်းအစရှိသည်တို့ကို တင်ပြနိုင် ခြင်းမရှိပါက သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်များ၊ အမွေဆက်ခံခွင့်ရှိသူဆိုပါက တရားရုံး ကျမ်းကျိန်လွှာမူရင်း/ မိတ္တူ။ အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ(၂)စောင် မူရင်း တို့ကို ရှေးဦးစွာဆောင်ရွက်ထားရပါမည်။
ထိုကြောင့် လုပ်ငန်းစဉ်ကို ပြန်လည်ပြောပြရပါလျှင် ကွယ်လွန်သူ၏ သေစာရင်းအထောက် အထားနှင့် အမွေဆက်ခံခွင့်ရှိကြောင်း တရားရုံးကျမ်းကျိန်ဆိုချက်၊ အဆိုပါ အမွေဆက်ခံခွင့်ရှိသူ ဦး/ ဒေါ်ကို သိရှိသူ လူပုဂ္ဂိုလ်နှစ်ဦးက သိရှိကြောင်း၊ မှန်ကန်ပါကြောင်း တရားရုံးတွင် ကျမ်းကျိန်ချက်ကို တစ်ခုစီပြုလုပ်ရန်လိုအပ်ပါသည်။
အဆိုပါအချက်များနှင့်ပြည့်စုံပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပြုလုပ်ရပါမည်။
ထိုသို့ဆိုလျှင် ယခုစာစုတွင် ပထမဆုံးဖော်ပြထားသည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်၍ ကာလတန်ဖိုးစိစစ်သတ်မှတ်ပေးရန် အဆင့်ကို ပြန်လည်သွားရောက်နိုင်ပြီဖြစ်ပါသည်။ ကာလတန်ဖိုးစိစစ်သတ်မှတ်ပြီးပါက နှစ်အလိုက်ပြဌာန်းထားသောပြည်ထောင်စု၏အခွန် အကောက်ဥပဒေအရ သတ်မှတ်ထားသော အခွန်အခများကို ပေးဆောင်ရန် လိုအပ်ပါသည်။

Builder Mall

 198 total views

Feedbacks

No comments, be the first visitor to comment on this post!

Reviews

No review
5
0 review
4
0 review
3
0 review
2
0 review
1
0 review
0
0 review
You must log in to post a review.
Click here to log in
No reviews yet. Be the first to post a review.

Main Menu

Builder Mall

FREE
ကြည့်ရှုမည်